Thursday, 19 December 2019

Movies2

{ "movies": [{"title": "Iddarammayilatho", "desc": " Iddarammayilatho မြန်မာစာတန်းထိုး

---------------------------------------Drama/Action လေးဖြစ်ပါတယ်။2h 25mကြာမြင့်ပြီး ratingsအနေနဲ့ကတော့10 IMDBမှာ 5.6ရှိထားပါတယ်။87%လောက်ကဒီကားလေးကိုကြိုက်နှစ်သက်ကြပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အာကာရှာဆိုတဲ့
ကောင်မလေးရဲ့အဖေဟာ နိုင်ငံရေးမှာသြဇာကြီးတဲ့သူတစ်ယောက်ပါ။အာကာရှာတစ်ယောက် စပိန်ကိုစိတ်ပညာသင်ဖို့သွားခဲ့ရာက သူနေတဲ့အခန်းကနေဒိုင်ယာရီစာအုပ်လေးတစ်အုပ်တွေ့ရာကနေ ဒိုင်ယာရီထဲကဆန်ဂျူနဲ့ကိုမလီတို့ရဲ့အချစ်ဇာတ်လမ်းကိုဖတ်မိပြီး အာကာရှာတစ်ယောက်အပြင်မှာဆန်ဂျူကိုတွေ့တဲ့အခါချစ်မိသွားပါတော့တယ် ဒါပေမဲ့ဆန်ဂျူနဲ့တွေ့ဆုံခဲ့တာတွေ ဒိုင်ယာရီတွေဟာ အာကာရှာအတွက်ထောင်ချောက်တွေဖြစ်နေမှန်းသိလိုက်ရတဲ့အချိန် ဘာကြောင့်ထောင်ချောက်တွေကိုဆန်ဂျူကဖန်တီးခဲ့တာလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမဲ့အက်ရှင်ကားလေးတစ်ကားဖြစ်ပါတယ်။Iddarammayilatho (2013) ကားလေးကတော့ Drama/Action လေးဖြစ်ပါတယ်။2h 25mကြာမြင့်ပြီး ratingsအနေနဲ့ကတော့10 IMDBမှာ 5.6ရှိထားပါတယ်။87%လောက်ကဒီကားလေးကိုကြိုက်နှစ်သက်ကြပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အာကာရှာဆိုတဲ့ ကောင်မလေးရဲ့အဖေဟာ နိုင်ငံရေးမှာသြဇာကြီးတဲ့သူတစ်ယောက်ပါ။အာကာရှာတစ်ယောက် စပိန်ကိုစိတ်ပညာသင်ဖို့သွားခဲ့ရာက သူနေတဲ့အခန်းကနေဒိုင်ယာရီစာအုပ်လေးတစ်အုပ်တွေ့ရာကနေ ဒိုင်ယာရီထဲကဆန်ဂျူနဲ့ကိုမလီတို့ရဲ့အချစ်ဇာတ်လမ်းကိုဖတ်မိပြီး အာကာရှာတစ်ယောက်အပြင်မှာဆန်ဂျူကိုတွေ့တဲ့အခါချစ်မိသွားပါတော့တယ် ဒါပေမဲ့ဆန်ဂျူနဲ့တွေ့ဆုံခဲ့တာတွေ ဒိုင်ယာရီတွေဟာ အာကာရှာအတွက်ထောင်ချောက်တွေဖြစ်နေမှန်းသိလိုက်ရတဲ့အချိန် ဘာကြောင့်ထောင်ချောက်တွေကိုဆန်ဂျူကဖန်တီးခဲ့တာလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမဲ့အက်ရှင်ကားလေးတစ်ကားဖြစ်ပါတယ်။ ", "image": "https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ0O96JnRJyQh_Py_NGWvFSDiJtooa7jxk96WoeH9hzzvXfzJbwDdewxXuE8PwsY3wWzZtc2dVNF9KFg3igBrVI7GtIRSH2dPfQIQfGQqc0mb_iC-DkSVg3yuRr8OJMF2KxB5lOX9avMw/s1600/IMG_ORG_1577288328743.jpeg  ", "link": "https://drive.google.com/file/d/1yqtG3OD922KDWXQj4M5ABk17t5_D4M0Z/view?usp=drivesdk ","time":"2:25:00","name":"India ","language":"MMsub" },{"title": "My Name Is Khan (2010)", "desc": " =======================

My Name Is Khan (2010) မြန်မာစာတန်းထိုးဇာတ်ကားကောင်းလေးတစ်ကားမို့ တင်ဆက်ပေးလိုက်ပါတယ်နော်

ကြည့်ပြီးသူက ကျော်သွားပေါ့ . . .

ဒီဇာတ်ကားကိုကြည့်ပြီးရင် တစ်ခုခုတော့ ရင်ထဲစိတ်ထဲကျန်ခဲ့မှာပါFormat ……… 720p BluRay

Genre ………  Bollywood & Thriller

File size ………1 Gb

Resolution ……… 1280x544

Subtitle ……… မြန်မာ Hardsub

Runtime ……... 2h 45 Mins

Translater ………Zin Aung

Encoder ………Nge Nge

Rating 8", "image": "https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW4S6gDrtYFd-6znLNsrqilBVBQ7ec2Ui8arqqd9tVqzY1Hq8myfzosvNmVpldGnDTU4ksQFMA8FM19NfeeCdRAatsFRHwn1nHT8eSbrcwxFOMla8gM47iQiMuvAtZQRLlMXlAR_ZiqZI/s1600/IMG_ORG_1577286758250.jpeg  ", "link": "https://drive.google.com/file/d/1yYZAm7I7KgxYxlPquOA7V-vduTjQCdnJ/view?usp=drivesdk","time":"2:45:00","name":"India ","language":"MMsub" },{"title": "        Boomerang(2019)        ", "desc": " =======================\n

Boomerang(2019)
IMDb…6.0
ဒီတစ်ခေါက်Channel Myanmar ပရိသတ်ကြီးအတွက်
ဇာတ်လမ်းအသစ်လေး တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားလေးနာမည်က Boomerang (2019)ပါ။
ဒီ Imdb Rating 6.0/10 ရရှိထားတဲ့ Tamil စကားပြော ကားလေးဟာ
အက်ရှင်ဇာတ်လမ်းကောင်းကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက်တော့ အကြိုက်တွေ့စေမှာပါ။

ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနညး်ငယ် တင်ပြပေးလိုပါတယ်။
မီးလောင်မှုတစ်ခုကြောင့် မျက်နှာတစ်ခုလုံးပျက်စီးသွားရတဲ့ ရှီဗာ…
ဒီမျက်နှာနဲ့ လူလုံးပြဖို့တောင်မဖြစ်နိုင်တဲ့အတွက်မျက်နှာအစားထိုးခွဲစိတ်ကုသမှုကိုခံယူခဲ့ရပါတယ်။
ရရှိလာတဲ့မျက်နှာအသစ်က ချောမောလှပတဲ့အပြင် သူမသိသေးတဲ့ အတိတ်တွေလဲရှိခဲ့ပါတယ်။
တစ်နေ့တော့ သူ့ကိုလူမှားပြီး လိုက်လံလုပ်ကြံသတ်ဖြတ်ရာကနေ မျက်နှာပိုင်ရှင်ရဲ ့နောက်ကြောင်းကိုစုံစမ်းဖို့ဖြစ်လာတော့တာပါပဲ။
အဆိုပါ မျက်နှာပိုင်ရှင်က ဘယ်သူလဲ?
ဘာကြောင့် သူ့နောက်ကိုလူတွေလိုက်နေတာလဲ?
ရှီဗာကရော ဒီမျက်နှာနဲ့ ဘယ်လိုဆက်ပြီးစခန်းသွားမလဲ?
ဆိုတာ စိတ်ဝင်တစားဆက်ကြည့်ရှုရမယ့်ကားလေးပါ။စိတ်ဝင်စားစရာ
အက်ရှင်ကားကောင်းလေးမို့ မလွတ်တမ်း ကြည့်ရှုအားပေးဖို့ပဲညွှန်းလိုက်ပါတယ်…
ဇာတ်လမ််းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Tharaphi Lwin  နှင့် Aye Mon Kyaw တို့ပဲဖြစ်ပါတယ်…
 
 
File Size : (948 MB) and (380 MB)
Quality : WEB-DL 720p,
Format…mp4
Duration…02:00:00
Genre :  Action, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by May Tharaphi Lwin & Aye Mon Kyaw
Encoded by Phyo Pyae

\n  Cinema  ", "image":"
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgigeWQ-WndpPuc72MCv1VceKkshFyw_4HgRPiWItHlU-IuOkqLjK5YTPsdA4F7njxZHzrQcFVByzrISW3UGhlH3fDIMt7kdM8LRjSaeZEyKthEuMMzyLuJ7ungyYuaYIcNcG94rof_lxI/s1600/137714-boomarang-po.jpg ","link":"https://megaup.net/2MfN8/Boomerang.2019.Web-DL720p.pp.mp4","time":"2:00:00","name":"India","language":"MMsub"},{"title": "Sonchiriya (2019)
****************************            ", "desc": " =======================\n
Sonchiriya (2019)
****************************
IMDb…..7.5,,,, Rotten…..70%
“မြွေက ကြွက်ကိုမြိုတယ်
လင်းတက မြွေကိုပြန်စားတယ်
ဒါကို လောဘသဘာဝလို့ ဘုရားမိန့်ဆိုထားတယ်…”
*******************************

ဘောလီဝုဒ်ကားကောင်းတွေ မျှော်လင့်နေတဲ့ပရိသတ်တွေအတွက်
၂၀၁၉ ထွက်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်
အိန္ဒိယမှာ ဝင်ငွေပိုင်းအရ အောင်မြင်မှုမရခဲ့ပေမယ့်
အနုပညာပိုင်းမှာတော့ မကျရှုံးဘူးလို့ ရဲရဲကြီးအာမခံနိုင်ပါတယ်
ဘာကြောင့်လဲဆိုရင်
IMDb 7.5/ 10 နဲ့
Rotten 70% အထိရရှိထားလို့ပါပဲ……
ကျွန်တော်တို့ကြည့်နေမြင်နေကျ အိန္ဒိယကားတွေလို
မာဆလာကားတွေလို သီချင်းတွေ၊ ကခုန်နေတာတွေမပါဘဲ
သရုပ်ဆောင်တွေဆိုလည်း လုံးဝမိတ်ကပ်မပါ
သဘာဝကျကျနဲ့ အကောင်းဆုံး ပုံဖေါ်ထားတဲ့ဇာတ်ကားတစ်ကားပါ
သရုပ်ဆောင်တွေဆိုလည်း သဘာဝမင်းသားကြီးဖြစ်တဲ့
Manoj Bajpai အပါအဝင်
နာမည်ကြီးတွေဖြစ်တဲ့
Bhumi Pednekar
Sushant Singh Rajput တို့ကပါ အားဖြည့်ပါဝင်ထားပါတယ်
ဇာတ်လမ်းကတော့
ဓားပြသူပုန်မာန်ဆင့်အဖွဲ့နဲ့ ရဲအရာရှိ ဂူဂျား ဘဲလ်ခန်ဒီယားတို့
ထိပ်တိုက်တွေ့ကြလေသောအခါ …
ဇာတ်ကိုအများကြီးမပြောထားတာ မထင်မှတ်ထားတဲ့
အလှည့်ပြောင်းတွေပါနေလို့ပါ
သူပုန်ဓားပြတွေရဲ့ဘဝ
သူပုန်ဓားပြတွေကို နှိမ်နင်းနေတဲ့ ရဲအရာရှိရဲ့အခြေနေ
လူတွေရဲ့ ကောက်ကြစ်ယုတ်မာမှုတွေကို ကိုယ်တိုင်ပဲကြည့်ရှု့လိုက်ပါတော့…
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်…..
 
File Size : (1 GB) and (475 MB)
Quality : WEB-DL 720p,
Format…mp4
Duration…02:23:00
Genre : Action, Crime, Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by Zaw Htoo
Encoded by Phyo Pyae

\n  Cinema  ", "image": "

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM_LSJzrb4FbTN_Vru0FfkkIFenkKfpHil6VQoGx3KalMUw5xqfI3WYwXRRMgErc6neClupvQQDxExpD7uCRVw866oZZinKCbANwSDT5QVmFRv6SRedhe8IpMA2oiHz3FPbuQjGf4K_18/s1600/7ygikeDbneOlUFIQyvAmMrvi3vJ.jpg ","link": "https://megaup.net/26X5D/Sonchiriya.2019.720p.pp.mp4","time":"2:23:00","name":"India","language":"MMsub"},{"title": "Ek Ladki Ko Dekha Toh Aisa Laga(2019)         ", "desc": " =======================\n
Ek Ladki Ko Dekha Toh Aisa Laga (2019)
=========================
နိုင်ငံတကာရုပ်ရှင်အဆင့်သတ်မှတ်ချက်များ IMDb – 5.5/ 10 Rotten Tomatoes – 73% Times of India – 3.5/5
ဒီဇာတ်ကားကိုဒေါင်းထားတာအတော်လေးကြာပြီ IMDb နည်းနေတာနဲ့ မကြည့်ဖြစ်တာ

ဒါပေမဲ့ တဖက်ကပြန်ကြည့်လိုက်တော့ Rotten 73% ဆိုတော့ကြည့်လိုက်တာ underratted
ကားကောင်းတစ်ကားလို့ပဲဆိုရမယ် ကျွန်တော်ကြည့်ဖူးသလောက် အိန္ဒိယကားတွေထဲမှာ
ဒီလိုဇာတ်လမ်းမျိုးရှားပါတယ် ဇာတ်လမ်း၊ ဇာတ်အိမ်ကောင်းသလို ဇာတ်ညွှန်း၊ စကားလုံးတွေကလည်း
ဘာအပိုအလိုမှမရှိဘဲ သိပ်ပြည့်စုံလှတယ် ကခုန်တာတွေသိပ်မပါဘဲ တေးသီချင်းကို လိုသလောက်ပဲသုံးသွားတာ
အဓိကနောက်ခံတေးဂီတလေးဆို သိပ်လှလွန်းတယ် သရုပ်ဆောင်တွေကလည်း ထွေထွေထူးထူးပြောစရာမလိုတဲ့
အမှန်အကန်တွေချည်းပဲ ဆိုနမ်ဆိုရင် ဒီဇာတ်ရုပ်နဲ့သိပ်လိုက်လွန်းပေတယ် ဘယ်သူမှအိုဗာဖြစ်မသွားဘူး
ဇာတ်လမ်းလေးပြောရရင် ကားနာမည်နဲ့ပဲစရမယ် … “မိန်းကလေးတစ်ယောက်ကိုတွေ့တဲ့အခါ ဟောဒီလိုခံစားရလေတယ်”
ခံစားဖူးကြလားဗျ မိန်းကလေးတစ်ယောက်ကိုမြင်လိုက်လို့ ထူးထူးခြားခြားခံစားသွားရတာ အဲ့ဒိလိုခံစားမှုမျိုးဖြစ်သွားသူကတော့
ဆာဟေး(လ်) မစ်ရ်ဇာဆိုတဲ့ ဇာတ်ညွှန်းရေးဆရာလေး ဆာဟေးလ် မစ်ရ်ဇာ – ရုပ်ရှင်ထုပ်လုပ်သူ သူဌေးကြီးရဲ့
တစ်ဦးတည်းသောသား အဖက်ဖက်ကပြည့်စုံပေမယ့် မိဘဆီကအကူညီမယူဘဲ ကိုယ့်ဝါသနာအတိုင်း စာရေးဆရာ၊
ဇာတ်ညွှန်းရေးဆရာတစ်ယောက်အဖြစ် သူ့ဘဝကိုရပ်တည်နေတယ် ဒါပေမဲ့ ဖြစိဖြစ်မြောက်မြောက်တော့
မအောင်မြင်ရှာဘူး တစ်ရက် သူဇာတ်ညွှန်းရေးထားတဲ့ပြဇာတ်လေး အစမ်းလေ့ကျင့်နေတုန်း ပြဇာတ်ရုံထဲကို
မိန်းကလေးတစ်ယောက် ပြေးလာပြီးပုန်းနေတယ် သူ့အနောက်ကလိုက်နေတဲ့သူ မျက်ခြေပျက်သွားအောင်လို့ပေါ့ ဒါပေမဲ့
မအောင်မြင်တော့ ဒီပတ်ဝန်းကျင်ကိုကျွမ်းကျင်တဲ့ ဆာဟေးလ်လက်ကိုဆွဲပြီး သူလွတ်အောင်ထွက်ပြေးဖို့ အကူညီတောင်းပါလေရော
အဲ့ဒိနောက်မှာ ဆာဟေးလ်နားထဲမှာ ဟောဒီစကားလုံးတွေ နားထဲမှာကြားကြားနေရတယ်
“ဒီပြဇာတ်ရဲ့ဇာတ်ညွှန်းရေးဆရာက အချစ်စစ်အချစ်မှန်နဲ့မတွေ့ဖူးသေးဘူး ဘာကြောင့်လဲဆိုတော့
အချစ်စစ်တိုင်းမှာ ရှုပ်ထွေးမှုတွေရှိတတ်လို့ပဲ အဲ့ဒိလိုမှမဟုတ်ရင် ဇာတ်လမ်းတစ်ပုဒ်မှာ ဘယ်လိုများ သက်ဝင်ခံစားလို့ရမှာလဲ”
ဆာဟေးလ်တစ်ယောက် ဒီထူးဆန်းတဲ့ခံစားချက်တွေနဲ့အတူ ထိုကောင်မလေးအနောက်လိုက်သွားတဲ့အခါမှာတော့ …
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်…..
 
File Size : (947 MB) and (404 MB)
Quality : WEB-DL 720p,
Format…mp4
Duration…02:00:00
Genre :  Comedy, Drama, Romance
Subtitle : Myanmar Subtitle (Hard Sub)
Translated by Zaw Htoo
Encoded by Phyo Pyae

\n  Cinema  ", "image": "
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpwAex08x4yI2N5scEmhOIlU32NX_nPcY5CjFMlKDiLjgboJVUO9UC1yf0ItrVSOKB7vpolzE_uM-IYpSB6xERVdqtbE-YW7VfldjAoeNMAgqrF0XedzheWppa0ss-PwyWdvNsUDPMVu4/s1600/yxuMWJgb0Sr8dF6Aa8goZZJYCzl+%25281%2529.jpg

    ", "link": "
https://megaup.net/27iuY/Ek_Ladki_Ko_Dekha_Toh_Aisa_Laga(2019)_Web-dl7250p.pp.mp4 ","time":"2:00:00","name":"India","language":"MMsub"},{"title": " Raatchasi (2019)        ", "desc": " =======================\n
Raatchasi (2019)

ပညာရေးမှာ ပြစ်ချက်တစ်ခုရှိလာရင် အကြောင်းပြချက်က မလုံလောက်တဲ့ ဆရာ/မ အင်အားနဲ့ စနစ်ဆိုး..
ဒါတွေဟာ လက်ညှိုးထိုးပြစရာ။ ဘယ်အစိုးရမှ လောက်ငှတဲ့ ငွေပမာဏမပေးမထားတော့ ဝန်ထမ်းတွေလည်း အပြင်စီးပွားရှာတယ်။
အထက်လူကြီးတွေက အာဏာရပါတီကဆိုပြီး မြို့တိုင်းမှာ ပါတီအလံလွှင့်ထူဖို့လောက် ကျောင်းတွေမှာ လစ်လပ်နေတာကို သူတို့ စိတ်မဝင်စားဘူး။
မဲဆွယ်တုန်းခဏပဲ ပြည်သူကို ကြည့်ကြတာပါ။
အဲ့ဒီလို မြို့မျိုးမှာဆို လူသတ်မှုလည်း ထွန်းကားတယ်ဗျ။

ဒီကျောင်းက ထူးဆန်းတယ်။
ကျောင်းမှာ ရာထူးအကြီးဆုံးက ဘဲကြီးက နှာဘူးထတယ်။
ဆရာမတွေကို ရိုသေလေးစားမှုမရှိ။
ကျောင်း အထွေထွေလုပ်သားတွေက အစ လက်မှတ်ထိုးပြီး အိမ်ပြန်စီးပွားလုပ်တယ်။
ဆရာမတွေဟာ ကျောင်းသားတွေရဲ့ အနာဂတ်ထက် ပါးပေါ်က မိတ်ကပ်မပျက်ဖို့ ပိုဂရုစိုက်တယ်။
ကလေးတွေရဲ့ စာဖတ်သံထက် နားထောင်နေတဲ့ နားကြပ်က သီချင်းသံကို ပိုကြားရဖို့ အာရုံစိုက်တယ်။
ဆရာတွေက အရည်အချင်းမရှိဘဲ သင်ပြနေသူတွေ။
ခေတ်နောက်ကျန်ခဲ့ပြီး ခေတ်သစ်ပညာရေးနဲ့အလှမ်းဝေးနေသူတွေ။
ရာထူးတိုးဖို့ လစာတိုးဖို့ပဲ အာရုံစိုက်ပြီး ကိုယ်ကိုယ်တိုင် မသိတဲ့ စာတွေကို ကလေးတွေရှေ့ ဖြီးဖြန်းတယ်။
သချၤာဆရာက သချၤာရဲ့ အကျိုးကျေးဇူးကို မသိ။
သမိုင်းဆရာက သူပြောမှ သမိုင်းတွေ အသစ်ပေါ်လာ။
ဓာတုဗေဒဆရာက လက်တွေ့ခန်းမမြင်ဖူး။
အင်္ဂလိပ်ဆရာက ကိုယ်ကိုယ်တိုင် အင်္ဂလိပ်လိုမပြောတတ်။
ရာထူးနောက်ကို လိုက်ပြီး အရည်အချင်းမပြည့်ဝတဲ့ ဒီလို ဆရာတွေ။
“ကျောင်းသားတွေကို စာမေးပွဲနဲ့ အမှတ်ပေး အရည်အချင်းစစ်၊အတန်းတင်ပေးကြပေမဲ့ ဘယ်ဆရာ/မကိုမှ အရည်အချင်းစစ်တာမျိုးမှ မရှိဘဲ
” ကာယဆရာကတော့ ဗိုက်ရွှဲရွှဲနဲ့။ သူ့ပုံစံက အချိန်ပြည့် နားနေခန်းမှာ စားသောက်ဇိမ်ယစ်လွန်းလို့ ဝပြဲနေတဲ့ပုံနဲ့။
ကျောင်းပတ်ဝန်းကျင် အိမ်တွေက ကျောင်းခြံထဲကို အမှိုက်ပစ်ချတယ်။
ကျောင်းအနီးမှာ ဆေးလိပ်ကွမ်းယာ ရောင်းနေကြတာလည်း ရှိတယ်။
ခြံစည်းရိုးအအပြင်ဘက် ခိုးထွက်နေတဲ့ ကလေးတွေကို တားဆီးမယ့်သူ မရှိ။
ဒီလို ကျောင်းဆိုးမျိုး…. အဲ့လိုစနစ်ပျက်နေတဲ့ ခပ်ဆိုးဆိုး ကျောင်းကို… ခုတော့ ‘သူမ’ ရောက်လာခဲ့ပါပြီ။
ကျောင်းကို သူမ ဘယ်လို စီမံမလဲ။
ဒီကျောင်းရဲ့ပညာရေးကို ဘယ်လို ကောင်းမွန်အောင် လုပ်မလဲ။
ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ သူက ဘာလို့ ဒီကျောင်းကိုမှ ရွေးချယ်ခဲ့လဲ ဆိုတာကို စိတ်ဝင်တစား ကြည့်စေမိမှာပါ။
———————————————–
တေလဂူးအချစ်ကားလေးတွေပဲ တင်နေပြီး တမီးလ်ကားမတင်တာ ကြာပါပြီ။
ဒါပေမဲ့ ဒီဇာတ်ကားကတော့ တက်လာလို့ အစမ်းကြည့်ရင်းနဲ့ အကြိုက်တွေ့လို့ ဘာသာပြန်ခဲ့ပါတယ်။
ဒီဇာတ်ကားဟာ ပညာရေးလောကသားတွေ၊ ဆရာ/မတွေတင် မဟုတ်ဘဲ အားလုံး ကြည့်သင့်တယ်လို့ထင်ပါတယ်။
ပညာရေးနယ်ပယ်ထဲ အဆိုးဆုံးတွေကို တွန်းလှန်တဲ့ မိန်းမတစ်ယောက်ရဲ့ ပညာရေးဦးစားပေး ဇာတ်ကားတစ်ကားပါ။
ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့ ပညာရေးစနစ်ကို လည်ပြန်ကြည့်မိရင်ပဲဖြစ်ဖြစ်၊ ရသတစ်ခုခု ရစေရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ တင်ပေးရကျိုးနပ်ပါပြီ။
ကျွန်တော် ဒီဇာတ်ကားကို ကြည့်ပြီးချိန်မှာ ကိုယ်ဟာ ကျောင်းဆရာတစ်ယောက်ဖြစ်ပေမဲ့ ကျောင်းဆရာ အရည်အချင်း ရှိရဲ့လားဆိုပြီး မေးမိပါတယ်။ ေ
တာ်တော်လေးတောင် ရှက်မိပါတယ်။
(မှတ်ချက်- အထက်ပါ ရေးသားချက်များသည် ဇာတ်လမ်းတွင်းမှ အဖြစ်အပျက်များ ဖြစ်ပြီး မည်သည့်ဌာန၊မည်သည့်အဖွဲ့အစည်းကိုမှ မထိခိုက်စေလိုပါ)
 IMDb Rating – 7.8/10
Google Users – 95% Genere – Drama
 
အညွှန်းနဲ့ မြန်မာမှု ပြုထားကြသူတွေကတော့ ညီညီကိုးနဲ့ မြင့်သူတို့ ညီအစ်ကိုပါ။
 
File Size :(0.99 GB ) and (655 MB)
Quality : AMZN WEB-DL 720p
Running Time : 2hr 14min
Format : Mp4
Genre : Drama
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p.AMZN.WEB-DL.DDP5.1.H.264-BonsaiHD
Translated by Nyi Koe And Myint Thu
Encoded by THZ
\n  Cinema  ", "image": "
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicc2C57W5jF-MDzRPObMz3Wit9OlJRnSDM7dP9FCf6_sqO3kJbPYJt62fLoLTa32k2fvacoujxu5DAAtyZZ39LU_ePD0rt76NWlZoIw2aw1eYii1p3P5lwCSeznJWkK1Wm0OhOQLwcar0/s1600/uLE57OZPq9opQJhkHfijkSpCkVQ.jpg
", "link": "https://megaup.net/2NJnu/(CM)Raatchasi.2019.720p.AMZN.WEB-DL.mp4","time":"2:13:03","name":"India","language":"MMsub" },{"title": "The Red Sea Diving Resort (2019)
          ", "desc": " =======================\n
The Red Sea Diving Resort (2019) ဆိုတဲ့ ဒီ စပိုင်ဇာတ်ကားလေးက တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ‘

အီသီယိုပီးယားနိုင်ငံက ဂျူးလူမျိုးတွေ ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်ရတဲ့အတွက် အစ္စရေးနိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။
အစ္စရေးထောက်လှမ်းရေး မော့ဆက် က နိုင်ငံတကာက အေးဂျင့်တွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ကို အစ္စရေးအေးဂျင့်တစ်ယောက်ဖြစ်တဲ့ အာရီ လီဗင်ဆင်က ဦးဆောင်ပြီး
ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကူညီပေးတဲ့အကြောင်းလေးပါ။
ကယ်ပုံကလည်း ဆန်းပါတယ်။

သူတို့ အေးဂျင့်တစ်စုက အီသီယိုပီးယားနိုင်ငံနဲ့ ကပ်နေတဲ့ ဆူဒန်နိုင်ငံမှာ Red Sea Diving Resort ဆိုတဲ့ ဟိုတယ်ကို ဖွင့်ပြီး
အဲဒီကနေ ဒုက္ခသည်တွေကို ရေလမ်းကနေ အစ္စရေးရေတပ်အကူအညီနဲ့ လွတ်မြောက်အောင် ကူညီပေးနေတာပါ။
အထူးလေ့ကျင့်ထားတဲ့ လုပ်ကြံသတ်ဖြတ်ရေးသမား အေးဂျင့်တွေက ဟိုတယ်မှာ ဝန်ဆောင်မှုပေးနေရင်း
ဒုက္ခသည်တွေကို ထွက်ပြေးလွတ်မြောက်အောင် ဘယ်လိုကူညီခဲ့ကြလဲဆိုတာ ရင်တစ်မမ နဲ့ကြည့်ရမှာပါ။
ဒီဇာတ်ကားလေးရဲ့ IMDB Rating ကတော့ 6.3 ရရှိထားပါတယ်။
 
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ May Tharaphi Lwin ပါ)
 
File Size : (950 MB) and (470 MB)
Quality : NF WEB-DL 720p
Running Time : 2hr 09min
Format : Mp4
Genre : Drama, History, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p.NF.WEBRip.DD5.1.x264-FGT
Translated by May Tharaphi Lwin
Encode by THZ

\n Cinema  ", "image": "
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfKGaYm53kOeu-M7sqVtUUCpRC0g94k43rKlssLWNz-PA8Vg75Se3AYr_M7SPMYO1jzvpoxpt9P-Kjl9ymF5zO8X0TZUJi2rblR2OS3uVMAmA8MI_N0Z41tRxIdRWLDrPsAWFHAKl44uI/s1600/bTgd1QQFTKdxESevtffAvIvCnz2.jpg  ", "link": "https://megaup.net/2NCqj/(CM)The.Red.Sea.Diving.Resort.2019.NF.WEBDL.480p.mp4","time":"2:09:00","name":"India","language":"MMsub"},{"title": "Bharat (2019) ", "desc": " =======================\nBharat (2019)

IMDb rating – 5.7/10

Google Users – 74%
Genere – Acrion/Drama
မင်းသားကြီး Salman Khanနဲ့ မင်းသမီး Katrina Kaifတို့ အပြင် Sunil Grover တို့ သရုပ်ဆောင်ထားကြတဲ့ ရုံတင်ဇာတ်ကားကြီး အကြည်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါတယ်။

လူတစ်ယောက် ဘဝတစ်ခု ဆိုပေမဲ့ ဘားရတ်ရဲ့ ဘဝက ဖြတ်သန်းရတဲ့ နယ်ပယ်အစုံမှာ မှတ်သားထားစရာ ဖြစ်ရပ်လေးတွေ ရှိတယ်။
ခု သူဟာ အသက်ကြီးကြီး လူအိုကြီး တစ်ယောက် ဖြစ်နေပြီ။
ငယ်ဘဝကတည်းက ခုထိတိုင် မပြောင်းလဲသေးတဲ့ အကြောင်းအရာတွေ အပြုအမူတွေ ရှိတုန်းပဲ။
တစ်နေ့ သူ့အဖေ ‘ ဒီဆိုင်လေးမှာ လာတွေ့မယ်၊ စောင့်နေပါ ‘ ဆိုတဲ့ စကားကို ငယ်ဘဝကနေ ခုထိ မမေ့သေးဘူး။
တနေ့ကျရင် သူ့အဖေနဲ့ သူ့ညီမ သူတို့ဆီ လာကြမယ်လို့ သူ ယုံကြည်ထားတုန်းပဲ။
” မင်းက အကြီးဆုံးသားမို့ အားလုံးကို စောင့်ရှောက်နော်” ဆိုတဲ့ အန္တရာယ်ကြားကို ပြေးသွားရတဲ့ အဖေ့ရဲ့ စကားကို သူ တည်ရဦးမယ်။
သူ့အဖေကို ပေးခဲ့တဲ့ ‘စောင့်ရှောက်ပါမယ်’ဆိုတဲ့ ကတိက …. ဘာပဲဖြစ်ဖြစ် တည်ရမယ်မလား။
ခေတ်ကာလဆိုးတစ်ခုမှာ သူတို့တွေ ကွဲခဲ့ရပေမဲ့… ရွှေရောင်လက်တဲ့ ခေတ်မှာ အဖေနဲ့ ညီမကို ပြန်တွေ့ရမယ်လို့ သူ ယုံကြည်ထားဆဲပဲ။
ဒီလိုနဲ့ သူ ဖြတ်သန်းရုန်းကန်ခဲ့ရတဲ့ ဘဝတွေမှာ……

ကဲ ကိုယ်တိုင်ကိုယ်ကျ ခံစားရမယ်မလား။
၂၀၁၉ ခုနှစ်မှာ မင်းသားကြီးရဲ့ ဒီဇာတ်ကားဟာ ဝေဖန်မှုတွေ အများကြီးရခဲ့တယ်။
မူရင်း Korea ကားကို အခြေခံထားတာဖြစ်လို့ မူရင်းကို မမီဘူးလို့ ပြောကြသလို … အကောင်းမြင်တဲ့ သူတွေလည်း ရှိတယ်။
ကိုယ့်အကြိုက်နဲ့ ကိုယ်မို့ ကွဲလွဲကြမှာပါ။
Remake လို့ ရေးလိုက်တာ Spoiler ဆိုပေမဲ့ လူတိုင်းသိပြီးသားမို့ ရေးလိုက်တာပါ။
မူရင်းကို မကြည့်ဖူးတော့ ဇာတ်ကားက ကြည့်လို့ကောင်းနေတယ်။
မူရင်းက ဒီထက်ပိုကောင်းမလားတော့ ကျွန်တော် မပြောတတ်။။
ကဲ… ကိုယ်က မူရင်းကြည့်ပြီးသားဖြစ်နေရင်တောင် အဆင့်အတန်းမဲ့ပြီး Spoilerတွေ မန့်ထဲ ရေးမသွားဖို့ တောင်းဆိုချင်ပါတယ်။
နှစ်နဲ့ချည်ပြီး ဆယ်လ်မန်ခန်းရဲ့ ပရိသတ်တွေလည်း စောင့်နေကြတာရှိသလို… Spoiler မမိဘဲ ကြည့်ချင်ကြသူတွေက အများကြီးပါ။
ကဲ… အောက်က Comment ထဲက Link လေးကို Copy ယူပြီး browser ကနေ Downloadချနိုင်ပါပြီ။
 
အညွှန်းနဲ့ မြန်မာမှု ပြုထားကြသူတွေကတော့ ညီညီကိုးနဲ့ မြင့်သူတို့ ညီအစ်ကိုပါ။
 
File Size :(1.30 GB ) and (650 MB)
Quality : AMZN WEB-DL 720p
Running Time : 2hr 47min
Format : Mp4
Genre : Action, Drama
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p AMZN WEB-DL DDP5.1 H.264-itsgoingdown
Translated by Nyi Koe And Myint Thu
Encoded by THZ\n Happy Movies ", "image": "https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNN_c5JsG3o-lzBl6Xn_6YHalVrtGhBh0dNw2S7DSUPcBPJ0L0be4j5lNrPu1Ax4BGXnTeQG5utJAIr-6fwUALevwHjAoh1yBGjcsHxhKclviHlAzf49JoUBGr7lxUBFBFtzLUGovJ450/s1600/aawdjzVsfKvRRIFu9Ni74wZyjc8.jpg  ", "link": "https://soliddrive.co/Uq2?pt=VVVzd1NrSXhUR28yVFRGU2NFRTBjemRFZVcxTlp6MDlPc1Y1WjBBZU5vLzFMWGRXZ2pZMFl3TT0%3D","time":"2:47:00","name":"India","language":"MMsub"}]}

No comments:

Post a Comment