Saturday, 28 November 2020

AdventureMovies

{ "movies":[{"title":"Come Away 2020","link":"https://megaup.net/Ugro/videoviewdemo.mp4","link2":"https://megaup.net/2bUxr/The.Outsider.2020.S01E02.720p(cm).mp4","link3":"https://megaup.net/1A2we/Tenet_(2020)_HDRip_720p.mp4","image":"https://channelmyanmar.org/wp-content/uploads/2020/11/come-away.jpg","desc":"Come Away (2020) မြန်မာစာတန်းထိုး ❤❤❤

==========================

##unicode
Angelina Jolie ပါတဲ့ Adventure, Fantasy ကားလေးတစ်ကားလာပါပြီ

ဇာတ်လမ်းအကျဉ်း
ဇာတ်လမ်းထဲမှာ ကလေးတွေကိုပြောပြတဲ့ပုံပြင်လေး တစ်ခုကတော့
“ရှေးရှေးတုန်းက ဟိုးအဝေးဒေသလေးတစ်ခုမှာ မိသားစုလေးတစ်ခုရှိတယ်

အဲ့ဒီက ကလေးတွေဟာ နေ့စဉ်နဲ့အမျှ သူတို့ကိုပြောထားတဲ့ ဘယ်လိုနေ ဘယ်လိုထိုင်ဆိုတဲ့အတိုင်းပဲ နေထိုင်ခဲ့ကြတယ်

ဒါပေမယ့်သူတို့ရဲ့နှလုံးသားအနက်ရှိုင်းဆုံးတစ်နေရာမှာတော့ ငါတို့အရွယ်ရောက်လာရင် ငါတို့အသက်တွေကြီးလာရင် ဘာတွေဖြစ်လာမှာလဲ ဘယ်လိုတွေတွေ့ကြုံရမှာလဲဆိုတဲ့ စိတ်ပူပန်မှုလေးတွေရှိနေခဲ့ကြပါတယ်တဲ့

ညဘက်အခါအိပ်စက်ရင်တော့ အဲ့ဒီအတွေးတွေဟာ Dreaming dust လေးတွေအဖြစ် အခန်းထဲမှာ ပြည့်နှက်နေတတ်ကြပါတယ်

အရွယ်ရောက်ပြီးသား လူကြီးတွေကတော့ အိမ်မက်မက်ဖို့ကို မေ့နေတတ်ကြပါတယ်တဲ့”
လက်မှုပညာသည် ဂျိမ်းစ်နဲ့ သူ့ရဲ့ဇနီးဖြစ်သူ ရိုစ့်တို့ဟာ တောအုပ်လေးနားမှာ သားသမီးသုံးယောက်နဲ့အတူ
တစ်ထပ်အိမ်လေးနဲ့နေထိုင်ကြပါတယ်
တစ်နေ့မှာတော့ ကလေးတွေဆော့ကြရင်း သားတစ်ယောက်က မတော်တဆသေဆုံးသွားခဲ့ရပါတယ်
အဖေဖြစ်သူမှာလည်း အကြွေးတွေပြန်ပေါ်လာခဲ့ပါတယ်
ဒါကို ကျန်ရှိတဲ့မောင်နှမနှစ်ယောက်ဖြစ်တဲ့ Peter နဲ့ Alice တို့ကဖြေရှင်းဖို့ကြိုးစားရှင်း ငယ်ရွယ်တဲ့သူတို့လေးတွေ ဘာတွေရင်ဆိုင်ကြုံတွေရလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါအုံး

##zawgyi

Angelina Jolie ပါတဲ့ Adventure, Fantasy ကားလေးတစ်ကားလာပါပြီ
ဇာတ်လမ်းအကျဉ်း
ဇာတ်လမ်းထဲမှာ ကလေးတွေကိုပြောပြတဲ့ပုံပြင်လေး တစ်ခုကတော့
“ရှေးရှေးတုန်းက ဟိုးအဝေးဒေသလေးတစ်ခုမှာ မိသားစုလေးတစ်ခုရှိတယ်
အဲ့ဒီက ကလေးတွေဟာ နေ့စဉ်နဲ့အမျှ သူတို့ကိုပြောထားတဲ့ ဘယ်လိုနေ ဘယ်လိုထိုင်ဆိုတဲ့အတိုင်းပဲ နေထိုင်ခဲ့ကြတယ်
ဒါပေမယ့်သူတို့ရဲ့နှလုံးသားအနက်ရှိုင်းဆုံးတစ်နေရာမှာတော့ ငါတို့အရွယ်ရောက်လာရင် ငါတို့အသက်တွေကြီးလာရင် ဘာတွေဖြစ်လာမှာလဲ ဘယ်လိုတွေတွေ့ကြုံရမှာလဲဆိုတဲ့ စိတ်ပူပန်မှုလေးတွေရှိနေခဲ့ကြပါတယ်တဲ့
ညဘက်အခါအိပ်စက်ရင်တော့ အဲ့ဒီအတွေးတွေဟာ Dreaming dust လေးတွေအဖြစ် အခန်းထဲမှာ ပြည့်နှက်နေတတ်ကြပါတယ်
အရွယ်ရောက်ပြီးသား လူကြီးတွေကတော့ အိမ်မက်မက်ဖို့ကို မေ့နေတတ်ကြပါတယ်တဲ့”
လက်မှုပညာသည် ဂျိမ်းစ်နဲ့ သူ့ရဲ့ဇနီးဖြစ်သူ ရိုစ့်တို့ဟာ တောအုပ်လေးနားမှာ သားသမီးသုံးယောက်နဲ့အတူ
တစ်ထပ်အိမ်လေးနဲ့နေထိုင်ကြပါတယ်
တစ်နေ့မှာတော့ ကလေးတွေဆော့ကြရင်း သားတစ်ယောက်က မတော်တဆသေဆုံးသွားခဲ့ရပါတယ်
အဖေဖြစ်သူမှာလည်း အကြွေးတွေပြန်ပေါ်လာခဲ့ပါတယ်
ဒါကို ကျန်ရှိတဲ့မောင်နှမနှစ်ယောက်ဖြစ်တဲ့ Peter နဲ့ Alice တို့ကဖြေရှင်းဖို့ကြိုးစားရှင်း ငယ်ရွယ်တဲ့သူတို့လေးတွေ ဘာတွေရင်ဆိုင်ကြုံတွေရလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါအုံး
 " },{"title":"Life of Pi (2012)","link":"https://megaup.net/2ffmi/life.of.pi.2012.1080p.bluray.x264-sparks.mkv-muxed.mp4","link2":"https://megaup.net/2ffhr/Life.Of.Pi.2012.1080P.Bluray.X264-Sparks.Mkv-Muxed-1.mp4","link3":"https://megaup.net/2ffhr/Life.Of.Pi.2012.1080P.Bluray.X264-Sparks.Mkv-Muxed-1.mp4","image":"https://www.goldchannel.net/wp-content/uploads/2020/10/mYDKm9HxImm8PRru3KbkHAe1cmk-185x278.jpg","desc":"Life of Pi (2012)

=================

ကျွန်​တော်တို့ ပတ်ဝန်းကျင်မှာ Life of Pi ဆိုတဲ့ဇာတ်ကားကို ကြည့်ဖူးလားလို့​မေးရင် လူ​တော်​တော်များများက ​လှေတစ်စီး​ပေါ်က ​ကောင်​လေးတစ်​ယောက်နဲ့ ကျားတစ်​ကောင်ကားမလားလို့ ​တော်​တော်များများက​ဖြေတတ်ကြပါတယ်။ ဟုတ်ပါတယ် အ​ဖြေက​တော့မှန်ပါတယ်။ ဒါ​ပေမဲ့ ​တော်​တော်များများက ဒီကားကိုသာမန်ရုပ်ရှင်တစ်ကားလိုပဲ မြင်​နေတတ်ကြပါတယ်။ ​လှေတစ်စီး​ပေါ်မှာ ကျားတစ်​ကောင်နဲ့ အတူရှိ​နေတဲ့ ​ကောင်​လေးတစ်​ယောက်က ဘယ်လို​မ​သေ​အောင်​နေထိုင်လဲဆိုတာကို ပြတယ်​ပေါ့ ဒီလိုပဲ​အများစုကမြင်ကြတာပါ။ တကယ်​တော့ ဒီကားက အဲ့ဒီထက်ကို အများကြီးပိုပါတယ်။

Life of Pi ဇာတ်ကားကို​တော့ Life of Pi ဆိုတဲ့နာမည်ပဲ​​ပေးထားတဲ့ စာအုပ်ကို ရုပ်ရှင်အဖြစ်အသွင်​ပြောင်းထားတာပါ။ စာအုပ်ကို​တော့ စပိန်မှာ​မွေးတဲ့ က​နေဒါစာ​ရေးဆရာ Yann Martel က​​ရေးပြီး​တော့ 2001 ခုနှစ်မှာထုတ်​​ဝေခဲ့တာပဲဖြစ်ပါတယ်။ Yann Martel က ဒီစာအုပ်နဲ့ပဲ Booker Prize ဆုကို ရရှိခဲ့ပါတယ်။

ရုပ်ရှင်ကို​တော့ ထိုင်ဝမ် ဒါရိုက်တာ Ang Lee ကပဲရိုက်ကူးခဲ့ပါတယ်။ Ang Lee က Hulk(2003) Brokeback Mountain(2005) Gemini Man(2019) အစရှိတဲ့ရုပ်ရှင်​တွေကိုလဲ ရိုက်ကူးခဲ့ပါ​သေးတယ်။ Life of Pi ဇာတ်ကားနဲ့လဲ Ang Lee ကအ​ကောင်းဆုံးဒါရိုက်တာဆုကို 2012 ခုနှစ်မှာ ရရှိခဲ့ပါတယ်။

ဒီဇာတ်လမ်းရဲ့ဇာတ်လိုက်ဖြစ်တဲ့ Pi ​နေရာမှာ​တော့ ဟိုတစ်​လောကပဲ ကင်ဆာ​ရောဂါနဲ့ ဆုံးသွားတဲ့ Irrfan Khan က သရုပ်​ဆောင်ထားပါတယ်။ ဒါ​ပေမဲ့ Irrfan Khan ကိုပဲ တစ်​လျောက်လုံး​တွေ့​နေရမှာ​တော့မဟုတ်ပါဘူး။ Irrfan Khan က သူ့ရဲ့ဘဝဇာတ်​ကြောင်းကို ပြန်​ပြောပြ​နေတဲ့ အသက်အရွယ်ရလာပြီဖြစ်တဲ့ Pi ​နေရာက​နေ သရုပ်​ဆောင်ထားတာမို့လို့ပါ။ အများဆုံး​တွေ့ရမှာက​တော့ 16 နှစ်သား Pi အ​​နေနဲ့ သရုပ်​​ဆောင်ထားတဲ့ Suraj Sharma ကိုပဲ​တွေ့ကြရမှာပါ။

ဇာတ်လမ်း​လေးက​တော့ တိရိစ္ဆာန်ရုံဖွင့်ထားတဲ့လူတစ်​ယောက်ရှိတယ်။ သူ့မှာက သားနှစ်​ယောက်လဲရှိတယ်။ အဲ့ဒီသားနှစ်​ယောက်ထဲက တစ်​ယောက်က​တော့ ဒီဇာတ်လမ်းရဲ့အဓိကသရုပ်​ဆောင်ဖြစ်လာမဲ့ Pi ​ပေါ့။ တစ်​နေ့ကျ​တော့ သူတို့မိသားစု ဒီက​နေစွန့်ခွာပြီး တခြားတစ်​နေရာကို​ပြောင်းဖို့ အ​ကြောင်းဖန်လာပါ​ရော။ အဲ့ဒီအတွက် တိရိစ္ဆာန်ရုံကို​လဲ ​ရောင်းရ​တော့တာ​ပေါ့။ အဲ့ဒါနဲ့သူတို့​ပြောင်း​ရွှေ့မဲ့ က​နေဒါနိုင်ငံကို ဂျပန်သင်္ဘောတစ်စီးနဲ့ ​ပြောင်းကြပါ​ရော။ သူတို့ပဲလားဆို​တော့မဟုတ်ပါဘူး။ သူတို့တိရိစ္ဆာန်ရုံက တိရိစ္ဆာန်​တွေကိုပါ တစ်ခြားသူလက်ထဲကို​လွှဲ​ပြောင်း​ပေးဖို့ သင်္ဘောဝမ်းထဲမှာ ထည့်လာကြပါတယ်။ တစ်ရက်မုန်တိုင်းတိုက်​တော့ သူတို့စီးလာတဲ့ သင်္ဘောကလဲ မြုပ်ပါ​လေ​ရော။ အဲ့ဒီထဲမှာ အကယ်​လှေ​ပေါ်ပါလာပြီး လွတ်သွားတာဆိုလို့ Pi တစ်​ယောက်ပဲရှိတယ်။ ​နောက်​တော့ Pi အပြင် မြင်းကျားတစ်​ကောင် ​မျောက်တစ်​ကောင် ​ခွေးအတစ်​ကောင်နဲ့ ဇာတ်လိုက်​ကျော် Richard Parker လို့​ခေါ်တဲ့ ​ကျားပါ ပါလာပါ​ရော။

ဇာတ်လမ်းက အခုမှတကယ်စတာ။ သိပ်မကြာလိုက်ပါဘူး အ​ကြောင်းအမျိုးမျိုးနဲ့ Pi နဲ့ Richard Parker တို့ နှစ်​ယောက်ပဲ ကျန်ပါ​တော့တယ်။ သိတဲ့အတိုင်းပဲ ကျားဆိုတာလဲ ယုံရတဲ့အမျိုးမှမဟုတ်တာ။ ပြီး​​တော့ ​ရောက်​နေတဲ့​နေရာကလဲ ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်မှာ။ ဘယ်နရက်ကြာမယ်မှန်းလဲမသိ။ ဘယ်​နေ့အထိအသက်ရှင်မယ်မှန်းမသိတဲ့အ​ခြေအ​​နေမှာ Pi တစ်​ယောက် Richard Parker နဲ့ နှစ်ပါးသွားရပါ​တော့တယ်။

ကြာလာ​တော့လဲ Pi နဲ့ Richard Parker တို့က စိမ်း​တော့လဲမစိမ်းကြ​တော့ပါဘူး။ Richard Parker ကလဲ Pi ကိုစားမဲ့ပုံလဲ မ​ပေါ်ဘူး။ ဒါ​ပေမဲ့ လူနဲ့ ကျားဆို​တော့လဲ ​Pi တစ်​ယောက် ညအိပ်တာ​တောင် စိတ်မချလို့ အစားအသာက်​တွေထည့်ထားတဲ့ အထုပ်ကို ​လှေနဲ့တွဲချည် ​ဖောင်လိုလုပ်ပြီး ​လှေနဲ့ ခပ်လှမ်းလှမ်းက​နေ အိပ်ရရှာတယ်။

ဒီဇာတ်လမ်းက ဒိုင်ယာ​လော့​တွေက ​ဝေဖန်သူ​တွေကြားထဲမှာလဲ ​တော်​တော်​လေးကိုပွက်​လောရိုက်ခဲ့တာပါ။ ဘာသာ​ရေးအ​ကြောင်း​တွေပွထ​နေ​​အောင် အစပိုင်းမှာထည့်ထားတာလဲပါမယ်ထင်ပါတယ်။ ရထားတဲ့ ဆု​တွေကလဲ မနည်းမ​နောဆို​တော့ ဒီဇာတ်လမ်းရဲ့ အလှတရား​တွေ ​ရေပြာပြာ​အောက်က အ​ရောင်စုံ​​နေတဲ့ ငါး​​လေး​တွေ ညဘက်​ရှင်းလင်း​နေတဲ့ ​ကောင်း​ကင်​ပေါ်က ကြယ်​လေး​တွေနဲ့ကြည့်တဲ့လူကို ​တော်​တော်​လေးဖမ်းစားနိုင်ပါတယ်။

သင်​ရော ကျားတစ်​ကောင်နဲ့ ဒီလိုအ​ခြေအ​​နေမှာရှိမယ်ဆိုရင် အိမ်ပြန်​ရောက်နိုင်မယ်ထင်လား။ တိရိစ္ဆာန်ဖြစ်​နေတယ်ဆို​​ပေမဲ့ သက်ရှိဆိုတဲ့အတိုင်း နှလုံးသား​တော့လဲရှိကြတာပဲ။ ကူကယ်ရာမဲ့​နေတဲ့အချိန်မှာ အနားမှာရှိတဲ့အရာကို ​မျှော်လင့်ချက်အ​နေနဲ့ ဖမ်းဆုပ်တတ်တာက​တော့ သဘာဝပါပဲ။ Richard Parker လဲ Pi ကို မသတ်စားတာက ဒီလိုပဲဖြစ်​ကောင်းဖြစ်မှာပါ။ ​သေချာတာက​တော့ စာ​ရေးသူကိုယ်တိုင်ပဲသိနိုင်မှာပါ။ Richard Parker ကို ကြည့်တဲ့ အဓိပ္ပါယ်ပြည့်တဲ့ မျက်လုံး​တွေ​ကြောင့်လဲ ဒီဇာတ်ကားက ပိုပြီးအသက်ဝင်သွားခဲ့တာပါ။ ဒီဇာတ်ကားမှာ ကျွန်​တော်ခံစားလိုက်ရတဲ့ အရာ​တွေက​တော့ အများကြီးကျန်ပါ​သေးတယ် ​ပြောလိုက်ရင် ကြည့်တဲ့လူ​တွေ ဟာတာတာဖြစ်သွားမှာစိုးလို့ ချန်ခဲ့လိုက်ပါပြီ။ ကြည့်ပြီးလို့ သ​ဘောကျတာ​လေး​တွေ ခံစားမိတာ​လေး​တွေရှိရင် Comment မှာ ဝင်​ရေးသွား​ပေးကြပါ။

Review by Aung Htoo Khaing

Translated by JoJoVa

Encoded by MgKyaw

Quality – Web-DL

Size – 2GB / 1GB / 440MB

IMDB – 7.9

Genres – Adventure, Drama, Fantasy

Run Time – 2 Hr 7 mins

 " },{"title":"The Christmas Chronicles: Part Two (2020) ","link":"https://mega.nz/file/lLpRTCJK#1vER9RimqDetb8dbbrt_lvVD1sAIwMeXm_tL7wFkStg","link2":"https://mega.nz/file/lLpRTCJK#1vER9RimqDetb8dbbrt_lvVD1sAIwMeXm_tL7wFkStg ","link3":"https://mega.nz/file/1G5BzQbD#6fHTKr2MdUJoNUWS_ZV9PQu_5SV66p11C8YOAZtgIB0 ","image":"https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8IMbkBd_G0jgw5MPQ3jSGlb53vfNle3qAORxfxpepHb7G0cEVjHZ9eYybvqTuTA05m7eWa4EW_Htm0vma20amQbdu9DjMbQzt58F6vHHPcubu7NZ5j6w4Q2DAYjkI4Lv-YgfrCvFKd_c/s278/8QKWOuEZk77ey7oA1Ul3e3xm4KY.jpg ", "desc": "The Christmas Chronicles: Part Two (2020) CM ပရိသတ်တွေအတွက် ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ Netflix က လောလောလတ်လတ်ထွက်ရှိထားတဲ့ ခရစ္စမတ် theme ဇာတ်ကားလေးဖြစ်ပါတယ် 2018 တုန်းကထွက်ရှိခဲ့တဲ့ The Christmas Chronicles ရဲ့အဆက်ပါ (2018 ဇာတ်လမ်းလေးကိုလည်း CMမှာပြန်ရှာကြည့်လို့ရတယ်နော် ) အေးစပြုလာတဲ့ဆောင်းတွင်းလေးနဲ့လိုက်ဖက်မယ့် ဇာတ်ကားလေးပါပဲ ဒီဇာတ်ကားလေးထဲမှာဆိုရင် ကိတ်နဲ့ တက်ဒီတို့က သူတို့အမေရယ် သူတို့အမေရဲ့ချစ်သူဘော့ဘ်ရယ်နဲ့အတူ ခရစ္စမတ်အပန်းဖြေခရီးထွက်လာတာပေါ့… ခရစ္စမတ်အချိန်မှာ ပူနွေးတဲ့မက်ဆီကိုကမ်းခြေကို ခရီးထွက်လာရတဲ့အတွက်ကော ဘော့ဘ်ကိုပါ အမြင်မကြည်တာကြောင့်ကော True Believer လေး ကိတ်က စန်တာကလော့ခ်ဆီမှာ သူ့ကိုဒီနေရာကခေါ်ထုတ်ပေးဖို့ဆုတောင်းပါတော့တယ်… တခြားတစ်ဖက်မှာတော့ စန်တာကိုအရမ်းမုန်းတီးနေတဲ့ ဘယ်စနခ်ကယ်ဆိုတဲ့သူရှိပါတယ် သူက စန်တာနဲ့အတူစွန့်စားခန်းတွေဝင်ခဲ့တဲ့ ကိတ်ကို ပြန်ပေးဆွဲပြီး စန်တာကို ဒုက္ခပေးဖို့ ကြံစည်နေတာပေါ့… ကိတ်ရဲ့ဆုတောင်းကို စန်တာက တကယ်ကြားသွားမလား ဘယ်စနခ်ကယ်ရဲ့အကြံအစည်တွေပဲ အောင်မြင်သွားမလား ဘယ်စနခ်ကယ်ကရော ဘယ်လိုအတိတ်ဆိုးတွေကြောင့် စန်တာကိုမုန်းနေရတာလဲ ဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ရှုစားလိုက်ကြပါဦးနော် File Size : ( 1 GB , 326 MB ) Quality : WEBRip 720p Running Time : 1hr 52min Format : Mp4 Genre : Adventure , Comedy , Family Subtitle : Myanmar Subtitle (Hard Sub) Translated by Alicia Encode by Moe Myint Lwin  " }]}

No comments:

Post a Comment