Saturday, 28 November 2020

BiographyMovies

{ "movies":[{"title":"A Call to Spy (2020) ","link":"https://mega.nz/file/BWhyGYzA#pmL1OxFY7MtKqqoGvBozB3sZ-NC7XupE7xt3DcxmW7A ","link2":"https://megaup.net/Tlwk/A.Call.to.Spy.2020.WebDL.720P[CM].mp4 ","link3":"https://mega.nz/file/JLoCzaST#7lUjLauBHsi1N_S5GbKGVyryoK734IHkC6gJ0od_GYE ","image":"https://channelmyanmar.org/wp-content/uploads/2020/10/Screen-Shot-2020-10-14-at-12.49.34-PM.png ", "desc": "A Call to Spy (2020-movie mm sub) #crd_video_uploader #일림마 ဇာတ်လမ်းအညွှန်း ××××××××××××××× A Call to Spyဟာ ရှားရှားပါးပါး ဒုတိယကမ္ဘာစစ်အတွင်းက အမျိူးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို အသားပေးဖော်ပြထားတဲ့ ဘိုင်အိုဂရပ်ဖီရုပ်ရှင် ရုပ်ရှင်ပါပဲ။ ဒုတိယကမ္ဘာစစ်ကနဦးမှာ ချာချီဟာ SOEကိုဖွဲ့ပြီး နာဇီတွေကိုထောက်လှမ်းဖို့နဲ့ သတင်းပို့ဖို့ ပြင်သစ်ကို စပိုင်တွေလွှတ်ခဲ့တယ်။ နောက်ပိုင်းမှာ SOEကနေ ထောင်လှမ်းရေးအလုပ်တွေမှာ သိသာထင်ရှားမှုပိုနည်းတဲ့ အမျိူးသမီးတွေကို စပိုင်အဖြစ်စေလွှတ်ဖို့ အကောင်အထည်ဖော်ခဲ့တယ်။ ဗြိတိန်ရဲ့ ပထမဆုံး အမျိုးသမီးစပိုင်ဟာ ဗာဂျင်နီယာ ဟောပါ။ ဗာဂျင်နီယာဟောဟာ ဗြိတိန်စပိုင်ဖြစ်ခဲ့ပေမယ့် အမေရိကန်သူတစ်ယောက်။ သံတမန်ဖြစ်လို့တဲ့အတွက် အကြိမ်ကြိမ်လျှောက်ထားခဲ့ပေမယ့် ခြေထောက်တစ်ဖက်ပြတ်နေတဲ့ ဒုက္ခိတဖြစ်နေတာကြောင့် ပယ်ချခံရတဲ့ သနားစရာ အမျိုးသမီးပါပဲ။ ကံကောင်းချင်တော့ အမျိုးသမီးစပိုင်ခန့်အပ်ရေးအတွက် လူရှာနေတဲ့ SOEရဲ့ စက္ကထရီ ဗီရာအတ်ကင်နဲ့ တွေ့သွားခဲ့တယ်။ ဗီရာအတ်ကင်ကလည်း နေရာတစ်ခုရထားပေမယ့် ဂျူးလူမျိူးဖြစ်နေလို့ ဗြိတန်မှာ နေရသိပ်အဆင်မပြေဖြစ်နေတဲ့ အမျိူးသမီး။ သူရှာခဲ့တဲ့ စပိုင်နှစ်ယောက်မှာ တစ်ယောက်က ဒုက္ခိတ တစ်ယောက်က မွတ်စလင်။ သူ့နည်းသူ့ဟန်နဲ့ အနှိမ်ခံနေရတဲ့ အမျိုးသမီးတွေ။ သူတို့ဟာ သူတို့ရဲ့ အားနည်းချက်တွေကိုပဲ အားသာချက်အဖြစ်အသုံးချပြီး ဒုတိယကမ္ဘာစစ်ရဲ့ သမိုင်းမှာ မှတ်ကျောက်တင်ခဲ့ကြ သူတို့နိုင်ငံအတွက်အားထုတ်ခဲ့ကြတယ်။ ဗာဂျင်နီယာဟောနေရာမှာ သရုပ်ဆောင်တဲ့ Lead Actor Sarah Megan Thomas ကိုယ်တိုင် ဇာတ်ညွှန်းရေးထားပြီး ဒါရိုက်တာကလည်းအမျိုးသမီးဒါရိုက်တာပဲဖြစ်တဲ့အတွက် အမျိုးသမီးစွမ်းဆောင်ရည်ပြရုပ်ရှင်ကို အမျိူးသမီးတွေချည်းဦး‌ဆောင်ရိုက်ထားကြတယ်ဆိုရမယ်။ A call to spyကို Audienceတွေပေးတဲ့ဘက်က IMdb ratingကတော့ တက်လိုက်ကျလိုက်မျိုးစုံ ဖြစ်နေပေမယ့် RTရဲ့ ဝေဖန်ရေးသမားတွေရဲ့ Ratingမှာတက်လာပြီး နာမည်ကျော် ရုပ်ရှင်ဝေဖန်ရေးဆရာ Roger Ebertရဲ့ ‌ Ratingမှာလည်း ကောင်းနေသေးတာမို့ ခပ်ညံ့ညံ့ရုပ်ရှင်ထဲတော့မပါပါဘူး။ Biographyကားဖြစ်တဲ့အတွက် သမိုင်းရဲ့တစ်ထောင့်တစ်နေရာကို သိချင်တဲ့လူတွေအတွက် ‌ရွှေပါပဲ။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်။  " }]}

No comments:

Post a Comment